Saturday 31 March 2012

Donation Lists For Sembwang Water Festival


မင်္ဂလာပါခင်ဗျာ။ ဒီနေ့တော့ ကျွန်တော်တို့ မေတ္တာရှင်ဖောင်ဒေးရှင်းစင်္ကာပူ အဖွဲ့မှ လက်ခံရရှိသော ရေအလှူငွေနှင့် အလှူရှင်တို့ကို တင်ပြပါရစေခင်ဗျာ။

Donation Lists For Sembwang Water Festival

၁. ကိုဇော်ဝင်းထွဋ်+မနှင်းယုယုဝင်း၊သမီးလေး-အေးချမ်းပွင့်ဖြူ မိသားစု
စင်္ကာပူဒေါ်လာ ၅၀

၂. မဖြူဖြူခိုင် စင်္ကာပူဒေါ်လာ ၂၀

၃. ကိုဇော်ဝင်းမြင့်+မတင်ဇာပိုင် မှ စင်္ကာပူဒေါ်လာ ၅၀

၎.ကိုကျော်ဇေယျဦး စင်္ကာပူဒေါ်လာ ၃၀

၅.ကိုမျိုးသန့် + မဥမ္မာဋ္ဌေးမှ စင်္ကာပူဒေါ်လာ ၃၀

၆.ကိုရဲမင်းဋ္ဌေး မှ စင်္ကာပူဒေါ်လာ ၂၀

၇.ကိုကျော်လင်း စင်္ကာပူဒေါ်လာ ၂၀၀

၈.ကိုမြတ်သူရ+မယဉ်သူဇာ စင်္ကာပူဒေါ်လာ ၅၀

၉.ကိုကြည်သာဦး+မနန်းကေသီအောင် စင်္ကာပူဒေါ်လာ ၃၀

၁၀.ကိုစောသက်မောင်+မမွှေး စင်္ကာပူဒေါ်လာ ၅၀

၁၁.မမြတ်မွန်သူ စင်္ကာပူဒေါ်လာ ၃၀

၁၂.မဆွေဆွေအောင် စင်္ကာပူဒေါ်လာ ၃၀

၁၃.မဝေေ၀စိုး စင်္ကာပူဒေါ်လာ ၃၀

၁၄.မဇင်မာဝင်းဆွေ စင်္ကာပူဒေါ်လာ ၃၀

၁၅.မထက်ထက်ကျော် စင်္ကာပူဒေါ်လာ ၃၀

၁၆.မရည်မွန်မြင့် စင်္ကာပူဒေါ်လာ ၂၀

၁၇.မချမ်းမြအေး စင်္ကာပူဒေါ်လာ ၂၀

၁၈.မခင်နု စင်္ကာပူဒေါ်လာ ၂၀

၁၉.မသူဇာ စင်္ကာပူဒေါ်လာ ၁၅

၂၀.ကိုကျော်မျိုးသက်+မမေမြဉ္စူ စင်္ကာပူဒေါ်လာ ၂၀

၂၁.မမျိုးမြင့်စန် စင်္ကာပူဒေါ်လာ ၁၀

၂၂.မဇာခြည်ခိုင် စင်္ကာပူဒေါ်လာ ၁၀

၂၃.ကိုတင်ထက်အောင်+မခင်မေချော စင်္ကာပူဒေါ်လာ ၂၀

၂၄.ကိုအောင်ဝင်းထွဋ်+မတင်တင်ခိုင် (သား) ကျော်ဇင်ထွဋ် စင်္ကာပူဒေါ်လာ ၅၀

၂၅.ကိုမင်းမင်းလတ်+မစုအေပရယ်ကျော် မိသားစု စင်္ကာပူဒေါ်လာ ၃၀

၂၆. ဦးအေးကျော်+ဒေါ်မြင့်မြင့်ဦး (သမီး) ဖြိုးရတနာကျော် စင်္ကာပူဒေါ်လာ ၃၀

၂၇.ဦးဝင်းကျော် မိသားစု စင်္ကာပူဒေါ်လာ ၅၀

၂၈.ကပ္ပတိန် ဦးအေးကိုကိုစိုးနှင့် M.T Theresa Tiga မှ သင်္ဘောသားအားလုံး ကောင်းမှု အမေရိကန် ဒေါ်လာ ၉၂၅

၂၉.ကိုဝင်းဇော် စင်္ကာပူဒေါ်လာ ၃၀

၃၀.ကိုမင်းအေးချမ်း စင်္ကာပူဒေါ်လာ ၃၀

၃၁.ကိုအောင်ကျော်အုန်း စင်္ကာပူဒေါ်လာ ၃၀

၃၂.ဦးမောင်မောင်တင့်+ဒေါ်ခင်သီလှိုင် မိသားစု စင်္ကာပူဒေါ်လာ ၅၀

၃၃.ဦးရီတင် စကာင်္ပူဒေါ်လာ ၅၀

၃၄.ဦးဝင်းအောင် စင်္ကာပူဒေါ်လာ ၅၀

၃၅.ကိုတင်မောင်သိန်း စင်္ကပူဒေါ်လာ ၃၀

၃၆.ကိုသိန်းစိုးဝင်း စင်္ကာပူဒေါ်လာ ၃၀

၃၇.ကိုစန်းနိုင် စင်္ကာပူဒေါ်လာ ၃၀

၃၈.ကိုစိုးကြီး စင်္ကာပူဒေါ်လာ ၁၂

၃၉.ကိုအောင်ထူးဝင်း စင်္ကာပူဒေါ်လာ ၁၈

၄၀.ကိုမြတ်ကျော်သူ စင်္ကာပူဒေါ်လာ ၂၀

၄၁.ကိုသန်းထွဋ်အောင် စင်္ကာပူဒေါ်လာ ၁၅

၄၂.ကိုထွန်းသိန်း စင်္ကာပူဒေါ်လာ ၁၅

၄၃.ကိုကျော်စိန်ဦး စင်္ကာပူဒေါ်လာ ၁၀

၄၄.ကိုအေးကို စင်္ကာပူဒေါ်လာ ၁၅

၄၅.ကိုယဉ်ထွေး စင်္ကာပူဒေါ်လာ ၁၀

၄၆.ကိုကျော်ကျော်ညွှန့် စင်္ကာပူဒေါ်လာ ၁၀

၄၇.ကိုဇော်လင်းအောင် စင်္ကာပူဒေါ်လာ ၁၀

၄၈.ကိုဇာနည်လေးသွင်+မမြတ်စုလှိုင် စင်္ကာပူဒေါ်လာ ၄၅

၄၉.ကိုဖုန်းမြင့်ကျော်+မအင်ကြင်းသန့် စင်္ကာပူဒေါ်လာ ၅၀

၅၀.ကိုလွှမ်းမိုးအေး+မအေးမြနန္ဒာ စင်္ကာပူဒေါ်လာ ၂၀

၅၁.ကိုဇော်ထွန်းလင်း+မအိနုသွေး စင်္ကာပူဒေါ်လာ ၁၀

၅၂. Wan Khin Jimmy Wang + မအေးမာအောင် စင်္ကာပူဒေါ်လာ ၂၀

၅၃.Lim Kim Song + မခိုင်ခိုင်စိုး စင်္ကာပူဒေါ်လာ ၂၀

၅၄.ဦးခင်မောင်အေး စင်္ကာပူဒေါ်လာ ၃၀

၅၅.မစန္ဒာအောင် စင်္ကာပူဒေါ်လာ ၂၀

၅၆.မစုမြတ်နှင်း စင်္ကာပူဒေါ်လာ ၃၀

၅၇.မသန်းသန်းလှိုင် စင်္ကာပူဒေါ်လာ ၁၅

၅၈.ကိုကျော်မင်းထွန်း+မနှင်းဝေေ၀လွင် စင်္ကာပူဒေါ်လာ ၅၀

၅၉.အန်တီတင့် စင်္ကာပူဒေါ်လာ ၃၀

၆၀.ကိုအောင်ဇော်မင်း စင်္ကာပူဒေါ်လာ ၂၀

၆၁.ကိုထွန်းဦး စင်္ကာပူဒေါ်လာ ၁၀

၆၂.ကိုနေလင်းဦး စင်္ကာပူဒေါ်လာ ၁၀

၆၃.မသီတာသန်းလွင် စင်္ကာပူဒေါ်လာ ၂၀

၆၄.မခင်ခင်လေး စင်္ကာပူဒေါ်လာ ၁၀

၆၅.မအေးအေး စင်္ကာပူဒေါ်လာ ၁၀

၆၆.ကိုယာမိုးလွင်+မခင်လဲ့ရီ စင်္ကာပူဒေါ်လာ ၃၀

၆၇.ကိုအောင်ချမ်းမွန်+မနေခြည်လင်းရောင် စင်္ကာပူဒေါ်လာ ၂၀၀

၆၈.ကိုစလိုင်းထွန်းလင်းဦး+မတင်ထက်ထက်ဗို စင်္ကာပူဒေါ်လာ ၅၀

၆၉.ကိုအောင်ညီလတ်+မနန်းထိခလိန်း စင်္ကာပူဒေါ်လာ ၃၀

၇၀.မအေးမြတ်သူ စင်္ကာပူဒေါ်လာ ၆၀

၇၁.ကိုသန်းဇော်လွင်+မညိုမီမီလှိုင် စင်္ကာပူဒေါ်လာ ၅၀

၇၂.ကိုမင်းသူရိန် စင်္ကာပူဒေါ်လာ ၅၀

၇၃.မလှိုင်ဝင်းလဲ့ စင်္ကာပူဒေါ်လာ ၁၀


ကျန်ရှိနေသေးတဲ့ အလှူရှင်များကို နောက် Post တွင်ဆက်လက်တင်ပြသွားပါမည်။

ဤသို့ပြုရသော ကုသိုလ်ကံစေတနာတို့ကိုကျွန်တော်များ မေတ္တာရှင်ဖောင်ဒေးရှင်းစင်္ကာပူ အဖွဲ့မှ သာဓု သာဓု သာဓု.... ခေါ်ဆိုရင်း အလှူရှင်များအားလုံး ယခုဘဝမှာပင် ရေလို အေးမြ ကြည်လင်ကာ ရေအကျိုး(၁၀)ပါး မတောင်းပဲပြည့်စုံပြီး နိဗ္ဗာန်သို့ လွယ်ကူ၊ လျှင်မြန်စွာ ရနိုင်၊ ရောက်နိုင်ကြပါစေ လို့ဆုမွန်ကောင်းတောင်းပါသည်ခင်ဗျာ။

အလှူငွေကောက်ခံပေးကြသော ကျွန်တော်တို့ အဖွဲ့ဝင် ညီအစ်ကို၊ မောင်နှမများကိုလည်း ကျွန်တော် မှ ရိုသေစွာ ကျေးဇူးတင်ရှိပါကြောင်းပြောကြားပါရစေ။ စာဖတ်သူအပေါင်းလည်း ဝမ်းမြောက်၊ ဝမ်းသာ သာဓုအနုမောဓနာခေါ်ဆိုနိုင်ကြပါစေခင်ဗျာ။

8Yar

31st Mar 2012

Monday 26 March 2012

မဟာအတာသင်္ကြန် Plan


မင်္ဂလာပါခင်ဗျာ။ ကြွရောက်လာကြတဲ့ စာဖတ်သူအပေါင်းနဲ့ Blog မောင်နှမတို့အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ 8Yarက ဆုမွန်ပြုပါတယ်ခင်ဗျာ။ အခုလိုကောင်းမြတ်သောအခါသမယမှာ မင်္ဂလာရှိတဲ့ အလုပ်လေးတွေလုပ်ဖို့ 8Yar တိုက်တွန်းချင်ပါတယ်ခင်ဗျာ။

ဟဲ ဟဲ... ဒီလိုနိဒါန်းမျိုးနဲ့ဆိုတော့ 8Yar တစ်ယောက် အလှုခံတော့မယ်လို့ တွေးမိလောက်ရောပေါ့နော်။ :P ဟုတ်ကဲ့ အမှန်တော့အလှုခံဖို့ထက် အလှုလုပ်ဖို့တိုက်တွန်းချင်တာပါ။ ခုဆိုရင် အတာသင်္ကြန်နီးလာတော့ ဟိုနားက ပိတောက်သံ၊ ဒီနားက တူးပို့တူးပို့သံ စတဲ့တိုးတိုးတစ်ဖုံ၊ ကျယ်ကျယ်တစ်မျိုးကြားနေကြမှာပါ။ 8Yar တို့လည်း ပြည်ပရောက်နေပေမယ့် ကိုယ့်ရိုးရာယဉ်ကျေးမှုပွဲကို ပျော်ရွှင်စွာဆင်နွှဲချင်တာပေါ့ဗျာ။ အချို့က ယမကာလေးနဲ့ပျော်ချင်၊ အချို့ကသီချင်းလေးနဲ့ပျော်ချင်၊ အချို့ကလည်း ကခုန်ရင်းပျော်ချင် (မှတ်ချက်။ မဒမ်ကိုးချစ်ချစ် အကိုရင်ကိုစောင်းပြောခြင်းမဟုတ်ပါ။ :P)

အဲဒီလိုကိုယ့်အစီအစဉ်နဲ့ကိုယ်ရှိနေချိန်မှာ 8Yarတစ်ယောက်လည်း အကြံနဲ့ Plan နဲ့ပါ။ 8Yarရဲ့ Plan ကိုမပြောခင် စင်္ကာပူမှာ မနေ့တစ်နေ့ကမှ ပေါက်ဖွားလာတဲ့Donation အဖွဲ့လေးနဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒီDonation အဖွဲ့လေးကတော့ မေတ္တာရှင်ဖောင်ဒေးရှင်း(စင်္ကာပူ)အဖွဲ့လေးပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ် ဆရာတော်အရှင်ဇ၀န မေတ္တာရှင်( ရွှေပြည်သာ)ရဲ့ သြ၀ါဒကိုခံယူထားတဲ့ အဖွဲ့ခွဲလို့ ပြောရင်ရပါတယ်။ 8Yar က အဲ့ဒီအဖွဲ့လေးမှာအသင်းဝင်ထားတော့ မေတ္တာရှင်ဖောင်ဒေးရှင်း(စင်္ကာပူ)အဖွဲ့လေး သင်္ကြန်မှာဘာလုပ်မယ်ဆိုတာလေးပြောပြပါရစေ။

လာမယ့် ဧပြီ ၈ ရက်နေ့ ဆမ်ဘာဝမ်းဘုန်းဘုန်းဦးစီးပြီး ကျင်းပမယ့် မဟာအတာသင်္ကြန်ပွဲကို လာရောက်ဆင်နွှဲကြမဲ့ ဦးဦး ဒေါ်ဒေါ်၊ ကိုကို မမ၊ ညီလေး ညီမလေး၊ ကောင်လေး ကောင်မလေး၊ ပျိုပျို အိုအို၊ တိုတို ရှည်ရှည်၊ ပုပု ရွရွ၊ ကုကု ကွကွ၊ ရှိရှိသမျှလူအားလုံးရဲ့ ရင်ကိုအေးမြစေဖို့ ရည်စူးပြီး သောက်ရေသန့်စစ်စစ်ကို ရေမရောပဲလှုတန်းကြမှာဖြစ်ပါတယ်။ :) ဘုန်းဘုန်းမိန့်တာက လူအယောက်နှစ်သောင်းမှန်းထားတယ်လို့မိန့်ပါတယ်။။ နှစ်တိုင်း တကယ်လည်း နှစ်သောင်းအထက်လာရောက်ဆင်နွှဲကြပါတယ်ခင်ဗျာ။ ဆမ်ဘာဝမ်းဘုန်းဘုန်း ဦးစီးတဲ့ပွဲဟာ စင်္ကာပူမှာအကြီးဆုံးလုပ်တာလို့ တောင်ဆိုနိုင်တာကြောင့် လာဆင်နွှဲမဲ့လူအရေအတွက်ဟာ ဘုန်းဘုန်းမှန်းထားတာထက်တောင် များနိုင်ပါသေးတယ်။

အဲ့ဒီလောက်ဆို 8Yar ရဲ့ Plan ကိုလည်းရိပ်မိလောက်ရောပေါ့နော်။ ဟုတ်ပါတယ် 8Yar တစ်ယောက် အခုလို အခါကြီး၊ ရက်ကြီး၊ ရက်ကောင်း၊ ရက်မြတ်မှာ လုပ်အားဒါနနဲ့ ငွေအားဒါနတို့ကို တတ်နိုင်သလောက်လေး လှူတန်းဖို့ စီစဉ်ထားပါတယ်ခင်ဗျာ။ 8Yar လိုပဲ လုပ်အားဒါနပဲဖြစ်ဖြစ်၊ ငွေအားဒါနပဲဖြစ်ဖြစ် လှူချင်တယ်ဆိုရင်တော့.....

ကိုအောင်ဝင်းထွဋ် - 9800 9622 / 9722 3159
ကိုဉာဏ်အေး - 8139 9604
8Yar - 9191 9264

မချစ်စု - 9792 5475
မနွယ်နွယ် - 9876 4575
အင်ကြင်းသန့် - 8540 3929

တို့ကို ဆက်သွယ်ပေးပါခင်ဗျာ။ အမှန်တကယ်လည်း အလှူရှင်တွေကို လိုအပ်တာကြောင့် စေတနာ သဒ္ဒါပေါက်သလောက် လှူတန်းကြပါလို့ တိုက်တွန်းပါရစေခင်ဗျာ။ အလှူငွေများကို ဒီလကုန် မတ် ၃၁ ရက်နေ့မှာ စာရင်းချုပ်မှာဖြစ်လို့ အဲ့ဒီရက်မတိုင်ခင် ဆက်သွယ်လှူတန်းပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ အစက 8Yar ရဲ့ ဘလော့မောင်နှမတွေကို ဖြစ်နိုင်ရင် သတင်းပေး Post လေးတစ်ပုဒ်လောက်တင်ပေးဖို့ အကူညီတောင်းမို့ပါ။ ရက်က အတော်ကပ်နေတာကတစ်ကြောင်း၊ မပြောရဲတာက တစ်ကြောင်းကြောင့် တစ်ယောက်ထဲပဲ တင်လိုက်ပါတယ်ခင်ဗျာ။ :P

၂၀၁၂ ဆမ်ဘာဝမ်း သင်္ကြန်ပွဲ အသေးစိတ်အစီအစဉ်ကတော့

နေ့ရက်။ ဧပြီ ၈ ရက် (တနင်္ဂနွေနေ့) ၂၀၁၂။
အချိန်။ နံက် (၉) နာရီမှ ညနေ ၄-၃၀ အထိ။
နေရာ။ Near Sembawang Community Center
လမ်းညွှန်။ ဆမ်ဘာဝမ်း MRT မှ 882 စီးပြီး Sembawang Community Center မှတ်တိုင်းဆင်းရမှာ ဖြစ်ပါတယ်ခင်ဗျာ။

အားလုံးပျော်ရွှင် ချမ်းမြေ့ကြပါစေခင်ဗျာ။

8Yar

27th Mar 2012

Thursday 22 March 2012

Chingay (အပိုင်း ၂)

အစကတော့ Chingay (အပိုင်း ၂) ကိုမတင်တော့ဘူးလို့ စဉ်းစားထားတာ။ အကြောင်းက 8Yar ရိုက်ထားတဲ့ပုံတွေကမှောင်တော့ လျှောက်ကလိရင်းကနေ ပုံတွေက ပိုပိုဆိုးလာသလားလို့။ နောက်တစ်ခုက ကိုယ်လိုချင်တဲ့ပုံဆိုဒ်နဲ့ အရေအသွေးကိုတင်လို့မရတာကြောင့် အတော်ပဲစိတ်ညစ်မိပါရဲ့။ ဒါပေမယ့် စာဖတ်သူ တစ်ယောက်စ၊ နှစ်ယောက်စလောက်က Chingay (အပိုင်း ၂) ဘယ်တော့တင်မှာလည်းချည့်မေးမေးနေတော့ ကိုစိတ်တင်းပြီးတင်လိုက်ပါတယ်ခင်ဗျာ။ Chingay (အပိုင်း၁) ကိုတော့ ဒီမှာတင်ထားပါတယ်ခင်ဗျာ။ ပုံကိုအကြီးကြည့်ချင်ရင် ပုံပေါ်ကလစ်နှိပ်ပြီးသာ ကြည့်ပေးကြပါခင်ဗျာ။

NUS အဖွဲ့သားတွေပါ။ သူတို့ အရမ်းကောင်းပါတယ်။


ဒိုင်းညောင့်၊ ဒိုင်းညောင့်.... :P


မည်းမည်းမှောင်မှောင်၊ ပြောင်ပြောင်ရောင်ရောင် ရှိကြပါပေတယ်။


ဟူး ဟူး ဟား..... ဟူး ဟူး ဟား..... ကျွန်တော်လူရိုင်းပါခင်ညာ။ အာဖရိက ကလူဖြူလူရိုင်း အဟိ...


မစဉ်းစားနဲ့ ပြန်ပေတော့ အက...


နာတွ Ladies first တွေရဲ့ အရှေ့က လျှောက်ခွင့်ရတာ။ ဆိုင်းဘုတ်ကိုင်မိုလို့... :P


ချစ်စရာ့ အရွယ် ကလေးငယ်များ


ငတက်ပြားအုပ်စုများလား!!


ကျောင်းတက်ပါဆို ဒီမှာသံဘုံးလာတီးနေတယ်။


လာပြန်ပေ နောက်လူရိုင်းတစ်ဖွဲ့


တို့ရဲ့ကမ္ဘာပေါ်မှာဂြိုလ်သားတွေ၊..... ကျားပေါက်ရဲ့ ဂျိုသားတော့မဟဟုတ်ဘူး စတားဝါးထဲကဂြိုလ်သား :P


အဟိ... 8Yar ကိုရယ်ပြသွားတယ်။ သွားကြီးကိုဖြဲလို့ တိန်! :P


ခန့်တော့ခန့်တယ်၊ ဒါပေမယ့် လူမလေးစားဘူး။ တိန်! :P တားပြောတာ ဓာတ်ပုံထဲကလူကိုပြောတာနော်။ လျှောက်တွေးနဲ့.....


ဪ.... သနားပါတယ်။ အောက်စီဂျင်ပိုက်နဲ့ လမ်းလျှောက်နေရရှာတယ်။.....


ကြည့်စမ်း သူများတွေ စက်ဘီးစီးတာ ဘယ်လောက်ရိုသေလဲ နှစ်ဘီးလုံးချစီးရင် စက်ဘီးနာမှာစိုးလို့ တစ်ဘီးချင်းပဲချစီးတယ်။ ဟွန့်..


တိုက်ကွမ်ဒိုကလေးတွေတော်ချက် ပျဉ်ပြားကို ဂျွန်းပစ်ပြီးခွဲပြသွားတာ။ 8Yar လဲ အရှေ့မှာလာပိတ်နေတဲ့လူရဲ့ခေါင်းကို ပစ်ခွဲချင်စိတ်ပေါက်သွားတယ်။ ဟွင်း ဟွင်း...


လက်ထဲမှာကိုင်ထားတယ်တွေ့လား ပျဉ်ပြားကို။ မနိုင်ရင် ပျဉ်ပြားနဲ့ပလာတာလုပ်မယ် တိန်!


ထမင်းနဲထိုးရအောင်လဲ ဒယ်အိုးမရှိ၊ လှေလှော်ရအောင်လဲ လှေမတွေ့ ဘာလုပ်ကြမှာပါလိမ့်???


တောင်ပံပါရင်မြင်းဆီကို.....


အောက်မှာကနေတာ ရေခူ အပေါ်မှာရပ်နေတာ ပြည်ကြီးငါး နှစ်ခုလုံးပင်လယ်စာ ပြောရင်းနဲ့တောင်ဗိုက်စာလာပြီ အဟီး.... :P

အားလုံးပဲ ကိုယ်ရော၊ စိတ်ပါ ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ။

8Yar

23rd Mar 2012

Monday 19 March 2012

ကဗျာတစ်ပုဒ်



သတိနဲ့ အသိကြားမှာ
ဝေးကွာမှုတော့ ရှိမယ်....

အပေးနဲ့ အယူကြားမှာ
ဆွဲဆောင်မှုတော့ ရှိမှာပဲ....

ပေးချင်ပေမယ့်
ယူလို့မရတဲ့ ဘဝ....

တွေးချင်ပေမယ့်
ပျော်လို့မဝတဲ့ အကျင့်တွေကြောင့်....

စားပွဲပေါ်က ဖုံတစ်စရဲ့
သမိုင်းလည်း ပျက်ခဲ့ရပြီ....

ပေးထားတဲ့ သရုပ်ပျက် ယဉ်ကျေးမှုကို
သမိုင်းတွင်စေတာကတော့
သမိုင်းဆရာတွေရဲ့ အတ္တပေါ့....

အမှန်ပြောရရင်
ခင်ဗျားတို့ တွေးထားတဲ့ ဇာတ်ရုပ်ထက်
ပရိတ်သတ်ရင်ထဲက ဇာတ်ထုတ်က ပိုတောက်ပပါတယ်...

ရေးချင်တာအတွက် တောင်ပံတစ်စုံ ပေးမယ်ဆိုရင်
ကဗျာတစ်ပုဒ်ဟာ
ကမ္ဘာကိုတောင် ကလောင်ထိပ်ပေါ်တင်ပြီး
လှည့်ပစ်ရဲတယ်။.......

8Yar

19th Mar 2012

Saturday 17 March 2012

လူနုံ

ဒေါသထွက်ခြင်းသည်
စိတ်ကိုတိုစေ၏။

စိတ်တိုခြင်းသည်
အသက်ကိုတိုစေ၏။

အသက်တိုခြင်းသည်
ဘဝကိုတိုစေ၏။

ဘဝတိုခြင်းသည်
အလုပ်များစွာ မပြီးမြောက်တော့ပေ။

အလုပ်များစွာ မပြီးမြောက်လျှင်
လောက ကောင်းကျိုးမဖြစ်။

လောက ကောင်းကျိုးမဖြစ်လျှင်
အသင်သူသည် လူနုံဖြစ်၏။

ယခု အိပ်ယာ လူနုံဖြစ်နေ၏။ အကြောင်းမှာ စိတ်တိုနေခြင်းကြောင့်ပင်ဖြစ်၏။ ဘယ်သူ့ကို ဒေါသထွက်သလဲ ဟုမေးလျှင် မမေးပါနှင့်ဟု တောင်းပန်ပါမည်။ ဒီနေ့ Orchard Road သွားပါသည်။ Orchard Road ပေါ်မှာ model show လည်းရှိပါသည်။ သို့သော် အိပ်ယာ ကင်မရာပါမသွားပါ။ HANG TEN member ဝင်များ၏ မွေးနေ့လတွင် မူရင်းဈေး၏ 50% off ရှိသည်ဆို၍ အိပ်ယာညီမ အားကိုးဖြင့် အင်္ကျီသွားဝယ်ပါသည်။ သို့သော် အချို့အင်္ကျီများမှာ မူရင်းဈေး၏ 60% လျှော့၍ရောင်းချနေသဖြင့် HANG TEN member ဝင်များထက် 10% သက်သာနေပါသည်။ ထို့ကြောင့် member ကဒ်လုပ်ခြင်းသည် အဘယ်သို့သော အဓိပ္ပါယ်ရှိအံ့။ ဒီနေ့မျက်နှာပေါင်းတင်၏။ အသားညက် မညက်တော့မသိ၊ အိပ်ယာနှာစည်းသွား၏။ တခါမှ မတင်ဖူး၍လော၊ အဝတ်စို အကြာကြီး မျက်နှာပေါ်တင်ထား၍လောမသိပေ။ ခြောက်ကပ်ကပ်နိုင်လှသော အိပ်ယာအိမ်လေးကိုကြည့်၍ မျက်ရည်အစား နှာရည်တတောက်တောက်ကျနေမိသည်။ ဘလော့မောင်နှမများ မခင်၍လော၊ အလုပ်များနေကြ၍လော မသိတော့ပြီ။ :(

စိတ်ရော၊ လူရော နေမကောင်း၍ ရေးချင်ရာ ရေးမိခြင်းဖြစ်ပါသည်။ မည်သူကိုမှထိခိုက်စေလိုခြင်း မရှိပါခင်ဗျာ။

အားလုံးပျော်ရွှင်၊ ကျန်းမာကြပါစေ။

8Yar

17th Mar 2012

Saturday 10 March 2012

8Yar ၏ရွာရိုးကိုးပေါက် နှင့် အလှုရှင်များဖိတ်ခေါ်ခြင်း


မင်္ဂလာပါနံနက်ခင်းပါခင်ဗျာ။ 8Yar တစ်ယောက် ပိတ်ရက်တွေမှာ ရှိသမျှတရားပွဲပြေး ကျွေးတာစား၊ ပေးတာယူ အဲလေ... လုပ်အားဒါနသွားကူ၊ ဓာတ်ပုံပြေးရိုက်နဲ့ တစ်ယောက်ထဲ ရွာပတ်နေတဲ့ အချိန်... ကျွန်တော်ခင်ရတဲ့ အစ်ကိုမိုးဇက်က ညီလေး မင့်ကြည့်ရတာ ကုသိုလ်လုပ်ဖို့လိုနေသလိုပဲ ဆိုပြီး သွား၊ သွား ရွာထဲပတ်ပြီး အလှူခံချေစမ်း ဆိုတာကြောင့် တစ်ယောက် ခွက်ဆွဲပြီး... အီး... အီး... အဲ.. အဲ.. မှားပြီ ဖလားဆွဲပြီး ဘလော့ရွာထဲ ဆင်းခဲ့ပါတယ်ခင်ဗျာ။

အဲ့ဒါနဲ့ ဘယ်ကိုအရင်စသွားပြီး အလှုခံရင်ကောင်းမလဲ လို့စဉ်းစားရင်းလျှောက်လာလိုက်တာ ရွာထိပ်တောင်ရောက်လာပါရော့လားဗျာ။ အခုချိန်ထိ ဘယ်အိမ်ကို စအလှုခံရမယ်ဆိုတာကို စဉ်းစားလို့ကိုမရသေးဘူး။ အစဆိုတာ သိပ်အရေးကြီးတယ်မဟုတ်လား။ ဟဲ ဟဲ... ကဲ ထူးပါဘူး။ စဉ်းစားနေယုံနဲ့ပြီးမှာ ဟုတ်ဘူး။ ကြုံတဲ့အိမ်မှာ ဝင်ခံမယ် အဲလေ... အလှုဝင်ခံမယ်ဆိုပြီး ရွာထိပ်က သမံစီးအိမ်ဝင်လာခဲ့တယ်။

တိန်! ဝင်ဝင်ချင်း ပင်ကွင်းနဲ့တွေ့ ဆိုသလို သမီးစံရဲ့ အိမ်အဝင်ဝမှာ အလှုခံဖလားကြီးကိုတွေ့လိုက်ရတယ်ဆိုရင်ပဲ 8Yar တစ်ယောက် ဘက်ဂီယာကို ဒရကြမ်းသွင်း နောက်ကြောင်းကိုပဲယွန်းခဲ့ရလေသည်။ အခြေနေမှ မကောင်းပဲကိုး။ :P

အဲဒါနဲ့ Candy အိမ်ဖက်ရောက်လာတာနဲ့ ဝင်လိုက်တယ်။ အရမ်းထူးစမ်းနေတယ် ဘာဖြစ်လို့လဲသိလား။ Candy ရဲ့ ကလားအိုကေ ဟစ်သံလည်းမကြားရလို့ ခစ်ခစ်။ ဒီတစ်ခါတော့ အပိုင်ပဲဆိုပြီး ခုန်ဝင်လိုက်တယ် ဆိုရင်ပဲ။ ဘုန်း! အင့်... ကြီးမားသော ဂတ်ထူဘုံးကြီးကိုဝင်တိုက်မိလေရဲ့။ နာလိုက်တာဗျာ။ :( လန့်လည်းအတော်လန့်သွားတယ်။ ဘာလို့များဒါကြီး လမ်းလယ်ခေါင်မှာချထားပါလိမ့်?? အမယ် ဂတ်ဘုံးမှာစာကပ်ထားသေးတယ်။ ဘာတဲ့... "အနာကြီးရောဂါသည်ဂေဟာအတွက် စုပေါင်းအလှူ" တိန်! ဒါ... ဒါ... အလှုခံဘုံးကြီးပဲ။ သိသိချင်း လှည့်ပြေးဖို့ပြင်လိုက်တယ်။ ဒါပေမယ့် ဘယ်သူများတွေ့သွားသေးလဲလို့ ပတ်ဝန်းကျင်ကို တစ်ချက်ရှိုးလိုက်တယ်။ :P အဟိ ဒူမှရှိဘူး.. ဆိုတာနဲ့ 8Yar တစ်ယောက် ခြေတင်သုတ်ပါလေတော့တယ်။

ဒီနေ့ ဘယ်လိုဖြစ်တာပါလိမ့် အစကတည်းက တစ်ခုမှအဆင်မပြေဘူး။ နောက်အိမ်တွေကို ရမ်းဝင်လို့ မဖြစ်ဘူး လို့ဆုံးဖြတ်လိုက်တယ်။ ခပ်လှမ်းလှမ်းကနေ အရင်ဆုံး အကဲခတ်မှဖြစ်တော့မယ်။ လာလေရော့ နောက်တစ်အိမ် ဒါဒုအိမ်ပါလိမ့်?? ဪဟော်.... သိပြီ တစ်လုံးထဲနဲ့ မောင်လုပ်နေတဲ့ စွယ်စုံကြမ်း အဲလေ... စွယ်စုံကျမ်း ရဲ့အိမ်ပဲ။ အိမ်ရှေ့ကနေ လှမ်းရှိုးလိုက်မယ် မှန်းစမ်း.... လား လား Candy အိမ်ကလို ဂတ်ပုန်းမျိုးပဲ စာလည်းရေးထားတယ်။ ၁။ငွေသားအလှူ ၂။ဆေး၊ ဆန်အလှူ ၃။အ၀တ်အထည် ၄။ဝှီးချဲ များကို မောင်(စွယ်စုံကျမ်း)သို့ လှုနိုင်ပြီ။ သူဘာလို့ ဒါတွေလိုနေပါလိမ့်?? တိန်! ဟီး.... နောက်မှ စဉ်းစားတော့မယ်။ :P

8Yar တစ်ယောက် ဘလော့ရွာလမ်းမကြီးအတိုင်း ဖလားကြီးပိုက်ကာ ဆက်လျှောက်လာခဲ့တယ်။ ဟိဟိ.. အစ်ကိုရင်နဲ့ အစ်မဒိုးတို့အိမ်နားရောက်လာပြီ။ သူတို့က နှစ်ယောက်ဆို တော့ အလှူငွေရရင် နှစ်ယောက်စာရမှာပဲ လို့တွေးလိုက်တယ်။ အိမ်ဖက်ကိုကွေ့ဝင်လိုက်တယ်ဆိုရင်ပဲ ကိန်! 8Yar အော်ခြင်းမဟုတ်ပါ။ အစ်ကိုရင်အိမ်ဘေးမှာ လာပြီးကျောခင်းနေသော လေးဖက်သွား သတ္တဝါလေး၏ ရှည်လျားထွေပြားနေသော အမြှီးအား တတ်နင်းမိသောကြောင့် ထွက်လာသောအသံဖြစ်ပါ၏။ အဲ့ဒီအော်နေတဲ့ သတ္တဝါလေးကို အရေးမလုပ်နိုင်ပဲ အိမ်ထဲကို အလျှင်အမြန်လှမ်းကြည့်လိုက်တယ်။ ဟိုက်!! ငွေဖလားကြီးပါလား။ နည်းတဲ့ဟာကြီး မဟုတ်ဘူး။ ငွေအစစ်သာဆိုရင်တော်တော် တန်ဖိုးရှိမှာပဲ။ :P တိန်! လာရင်းကိစ္စမေ့တော့မလို့ ဟီး... နေအုံး ဒီဖလားကြီးက အလှုခံဖလားကြီးလား? အမဒိုးကို ထမင်းကျွေးတဲ့ဖလားကြီးလား? လူတောင် ရူးချင်ချင်ဖြစ်လာပြီ။ တော်ပြီ မစဉ်းစားတော့ဘူး၊ ပြန်တာပဲကောင်းတယ်။ ဆိုပြီး သခိုးခြေလှမ်းနဲ့လှည့်အထွက် ဒါက ဘယ်ကို သွားမလို့တုန်း!!! ဆိုတဲ့ အစ်ကိုရင်ရဲ့ကြီးမားကျယ်လောင်လှတဲ့ အသံကြီးကို အနောက်ကနေကြားလိုက်ရတယ်။ ရုတ်တရက်ဆိုတော့ လည်းတုန်တက်ပြီး အတော်လန့်သွားတယ်။ စိတ်ထဲမှာလဲ သွားပြီ ဒီတစ်ခါတော့ သူဦးသွားပြီ ဆိုပြီး အတော်လန့်နေမိတယ်။ :( သူကိုဘာပြန်ပြောရမလဲဆိုတာ ဦးနှောက်ကိုအမြန်အလုပ်ပေးပြီး ပါးစပ်က စကားလုံးအချို့ ထွက်ကျမလာခင်။ အိမ်သာသွားမလို့.... ဆိုတဲ့ အစ်မဒိုးရဲ့ အသံကိုကြားလိုက်ရတယ်။ တစ်ဆက်ထဲကြားလိုက်ရတာက အေး သွားရင်လဲ ဟိုတစ်ခေါက်ကလို အနံ့တွေမကျန်ခဲ့စေနဲ့ တိန်! ဘာတွေလဲတော့မသိ။ အို... ဘာပဲဖြစ်ဖြစ် ကိုနဲ့မဆိုင်ဘူး။ ဒညှင်းသီးနဲ့ပဲ ဆိုင်လိမ့်မယ် :P အဟိ။ တော်သေးတာ ပေါ့ 8Yar ကိုတွေ့မသွားလို့။ :P ခစ်ခစ်။ အစ်ကိုရင်တို့ အိမ်ဘေးကထွက်လာတော့ အခုနက တက်နင်းခံရတဲ့ ကိုကိုခွေးက ကိုယ့်ကို မကြည့်သလိုစိုက်ကြည့်ပြီး ကျန်ခဲ့လေရဲ့။

ဒီနေ့တစ်မနက်လုံး ရွာရိုးကိုးပေါက်လျှောက်ပြီး အလှုခံထွက်လိုက်တာ ဖတ်ဖတ်သာမောသွားတယ်။ ဘာအလှုငွေမှ မရလိုက်ဘူး။ သူများတွေကို အလှုခံမရသေးရင် ကိုယ့်ဟာကိုယ်အရင် အလှုငွေထည့်မယ် လို့စဉ်းစားလိုက်ပြီး ဒိုမိန်းဝယ်ဖို့ဆုထားတဲ့ ပိုက်ဆံ 50S$ ကိုထည့်လိုက်တယ်။ :) အဲ့ဒီအတွက် လက်လဲမတုန်ဘူး၊ ရင်လဲမခုန်ဘူး ဟိဟိ... 50S$ လေးနဲ့ ရင်တုန်ပြရင် တာဝန်ရှိ ဘလော့မောင်နှမတွေ ဝိုင်းဆုံးမကြလိမ့်မယ်။ 8Yar ရဲ့ ကုသိုလ်ကို ထပ်ပြီးချီးမြောက်တဲ့အနေနဲ့ အလှုငွေများ လှူတန်းချင်တယ်ဆိုရင် အောက်က Blogger ဘုန်းဘုန်း၊ ကိုကို၊ မမ တွေကို ဆက်သွယ်လှူတန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်နှိုးဆော်လိုက်ပါတယ်ခင်ဗျာ။ အဲလိုမှမဟုတ် 8Yar ကိုမှလှူချင်တယ် အဲ့လေ... 8Yar ဆီကနေတဆင့်လှူပေးပါဆိုတဲ့ လူတွေအတွက် တာဝန်ခံ ဘလော့ဂါတွေရဲ့ အောက်နားလေးမှာ 8Yar ရဲ့ ဖုံးနံပါတ်နဲ့ E-mail လိပ်စာလေးထည့်ပေးလိုက်ပါတယ်ခင်ဗျာ။ မူရင်းဆိုက်ကို ဒီမှာ သွားကြည့်နိုင်ပါတယ်ခင်ဗျာ။

ဗြိတိန်မှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂

အမေရိကမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁

စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅ ၉၈၈၂ ၉၀၇၈

၂။ကိုရင် + မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉

ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com

မလေးရှားနိုင်ငံ အကျိုးတော်ဆောင်
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉

၂။လွင်ပြင်လှိုင်းငယ်+မစံပယ် (Sunway)
lwinpyinhlaingnge@gmail.com
+၆၀ ၁၄၆၆ ၃၀၁ ၇၃

၃။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com
+၆၀ ၁၆၃၂ ၄၉၆ ၉၁

၎။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁

၅။မိုးဇက် (ကလန်း)
bloggermoses@gmail.com
+၆၀ ၁၄၇၂ ၄၅၄၀၂
http://www.facebook.com/profile.php?id=100003084986957

မြန်မာနိုင်ငံ အကျိုးတော်ဆောင်
၁။andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅၁ ၆၄၃ ၀၈၆

၂။သမီးစံ
sandartinmyint@gmail.com
+၉၅၁ ၃၉၁ ၇၅၄
+၉၅၁ ၃၉၁ ၀၀၃


8Yar (အိပ်ယာ)
eightyar@gmail.com
9191 9264 (Singapore)

အပေါ်မှာထီပေါက်သွားတဲ့ ဘလော့မောင်နှမများခင်ဗျာ။ 8Yar တစ်ယောက် ဒီကုသိုလ်လေးမှာပါဝင်ခွင့်ရတဲ့အတွက် အပျော်လွန်ပြီး ရေးမိရေးရာ ရေးလိုက်တဲ့အတွက် မကြိုက်တာများပါသွားရင် လက်ဆယ်ဖြာထိပ်မှာမိုးလို့ တောင်းပန်ပါတယ်ခင်ဗျာ။

အစ်ကိုမိုးဇက်ပို့ပေးသော အစ်ကိုရင်ရဲ့ လေးကို အောက်မှာ ဆက်လက်ဖတ်ရှူနိုင်ပါတယ်ခင်ဗျာ။

မရမ်းချောင်းအနာကြီးရောဂါဂေဟာအတွက် အလှုရှင်များဖိတ်ခေါ်ခြင်း

အားလုံးမင်္ဂလာပါခင်ဗျား။
မြန်မာမုဒိတာလူငယ်များအဖွဲ့၏ ဒုတိယမြောက်အလှုအဖြစ် မရမ်းချောင်း အနာကြီးရောဂါသည်ဂေဟာကို ဧပြီလပထမပတ်တွင် လိုအပ်သည်များကို တတ်နိုင်သလောက် လှုဒါန်းရန် စီစဉ်ထားပါတယ်ခင်ဗျား။အလှုငွေ ရရှိမှု အပေါ်မူတည်ပြီး
၁။ငွေသားအလှု
၂။ဆေး၊ ဆန်အလှု
၃။အ၀တ်အထည်
၎။ဝှီးချဲ များကို အလှုငွေ ရရှိတဲ့အပေါ်မူတည်ပြီး လှုဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။ပါဝင်အားဖြည့် လှုဒါန်းလိုသူများအား ကျွန်တော်တို့အဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျား။
မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာအကြောင်း
ရန်ကုန်တိုင်း၊ လှည်းကူးမြို့ နယ် ဖောင်ကြီးအလွန်မှာ ဂေဟာ တပည်ရှိပါတယ်။လက်ရှိ ဂေဟာက စောင့်ရှောက်ထားသူ ဝေဒနာသည် ကျား ၅၇ဦး၊ မ ၄၆ဦး စုစုပေါင်း ဝေဒနာသည် ၁၀၃ဦး ရှိပါတယ်။
နေ့စဉ် လူနေမှုဘဝ
ဝေဒနာရှင်တွေဟာ မနက်စောစော ဘုရားဝတ်တက်ကြတယ်။ပြီးရင် စောင့်ရှောက်ရေးဂေဟာက ဆန်(၇)ပြည်လောက် ချက်ထားတဲ့ ထမင်းကို ဆီငါးကျပ်သား တစ်ဆယ်သားလောက်ထည့်ပြီး ကြော်ထားတဲ့ထမင်းကို ကျွေးပါတယ်။အလှုရှိတဲ့နေ့ဆို အသားဟင်းနဲ့ သူတို့စားသောက်နေကြပုံက အလွန်ကို အားရစရာ ကောင်းလှပါတယ်။အလှုရှင် မရှိတဲ့နေ့ဆိုရင် သူတိုပတွေဟာ ပြုတ်မနူးပဲ၊ပြုတ်နူးပဲတွေကို အရည်ကျဲချက်လိုက်၊ ကုလားပဲဟင်းလို ချက်လိုက်နဲ့ မျိုးစုံချက်ကျွေးတာနဲ့ပဲ စားကြရပါတယ်။ညစာကိုလည်း စောစောကလို စားအပြီးမှာ မြေစိုက်တဲ ဓမ္မာရုံကိုသွားကြပြီး တရားနာခြင်းအမှုကို ပြုကြပါတယ်။

တစ်နှစ်ပတ်လုံး ဝေဒနာသည်တွေ နှစ်ကြိမ်ပဲ စားခဲ့ဘူးတယ်ဆိုတဲ့ ဒံပေါက်ထမင်း

ဆရာဝန်လာတဲ့ ရက်တွေမှသာ ဆေးခန်းပြခွင့်ရှိပါတယ်။လက်ရှိ အချိန်မှာ တိုင်နယ်ဆေးရုံလေးက ဆရာဝန်လေးဟာ ဆယ်ရက်တစ်ခေါက်သာ ရောက်ဖြစ်တယ် ပြောပါတယ်။အချိန်ပြည့် blue staff တစ်ယောက် ရှိပေမဲ့ လက်ရှိ လူနာအင်အားနဲ့က တော်တော့်ကို ကွာခြားနေပါတယ်။

ဒီလို ဖိနပ်တွေ စီးကြရပါတယ်။

သူတို့တွေရဲ့ ခြေချောင်းတွေဟာ တစ်ဖက်နဲ့တစ်ဖက်အတိုအရှည့် မညီကြပါဘူး။ဒါ့ကြောင့် သူတို့တွေအတွက် အထူးပြုလုပ်ထားတဲ့ ဖိနပ်တွေ စီးကြရပါတယ်။ဒါပေမဲ့ အဲဒီ အထူးပြုလုပ်ထားတဲ့ ဖိနပ်ကိုလည်း တစ်ခါတစ်လေသာ လှုဒါန်းမဲ့သူ ရှိပါတယ်တဲ့။အဲလိုအချိန်မှာတော့ ခြေထောက်မှာ ဖြစ်နေတဲ့ အနာရောဂါတွေဟာ သက်သာလေ့ရှိပါတယ်။ဖိနပ်ပြတ်သွားပြီး လှုဒါန်းမဲ့လူမရှိရင်တော့ လက်ရှိ အများစီးနေတဲ့ ဖိနပ်တွေကို ကြိုးတွေဆိုး ဖြတ်ညှပ်ပြီး စီးနေကြရပါတယ်။

သူတို့တွေရဲ့ မျိုးဆက်ကလေးတွေ

အနာကြီးရောဂါသည် ခံစားခဲ့ရတဲ့လူတွေဟာ သာမန်လူတွေပဲ ဖြစ်တာမို့ အိမ်ထောင်ပြုနိုင်ကြသလို သားသမီးတွေလည်း ထွန်းကား ကြပါတယ်။သူတို့မှာ ဝေဒနာရဲ့ ဖိစီးမှုတွေကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ ခံစားကြရပေမဲ့ အနာကြီးရောဂါဆေး သောက်ထား တာကြောင့် မွေးလာတဲ့ သားသမီးလေးတွေမှာတော့ ရောဂါကင်းကြပါတယ်။သူတို့ သူတို့လေးတွေဟာလည်း မှီတွယ်စရာ ဂေဟာလေးမှာ နေထိုင်ရင်း အလှုရှင်တွေရဲ့ လှုဒါန်းမှုကို မျှော်လင့်ကာချို့ တဲ့စွာ ဖြတ်သန်းနေကြရပါတယ်။
ကျွန်တော်တို့ ဘာ့ကြောင့် သူတို့ကို ကူညီသင့်သလဲ
အနာကြီးရောဂါသည်များကို အရပ်ထဲမှာ (မရိုသေစကား) အနူလို့ ခေါ်ဝေါ်ကြပါတယ်။လူတောထဲ အ၀င်မခံ ရွံကြပါတယ်။ရောဂါ ကူးမှာ ကြောက်ကြပါတယ်။ရောဂါသည်တွေ ကိုယ်တိုင်ကလည်း လူတွေကြားထဲ မသွားရဲ မလာရဲ အမြဲတမ်း စိတ်အားငယ်နေကြ ပါတယ်။အနာတစ်ခုဖြစ်ရင် လွယ်လွယ်နဲ့ မပျောက်ပဲ အဆိုးဆုံး အခြေအနေထိ ခံစားရပြီး ဖြတ်တောက်ပစ်ရပါတယ်။အနာကြီးရောဂါ ကုသဆေး သောက်ထားကြလို့ ကူးစက်နိုင်ခြင်း မရှိကြတော့ပေမဲ့ နောက်ဆက်တွဲဝေဒနာတွေက မရှုမလှပါဘူး။ ခြေလက်တွေဟာ ထုံနေကြပြီး ခြေထောက်ကို သံစူးရင်တောင်မသိနိုင်ကြပဲ ပေါင်မှာအကျိတ်ခိုလာမှ အနာရှိလောက်တယ်ထင်ပြီး ဖြဲရှာရတဲ့ဘ၀တွေပါ။တစ်ချို့ တွေဆို ဘီးတပ် ကုးလားထိုင်ပေါ်မှာပဲ ဘ၀ကို ကုန်ဆုံးနေရပါတယ်။


ဂေဟာမှ ဝေဒနာသည် အဖွားအရွယ်တစ်ဦး

အဲဒီဝေဒနာရှင်တွေဟာ အရင်က ကျွန်တော်တို့လို လူကောင်းတွေပါပဲ။ကံတရား၊ စိတ်၊ ဥတု၊ အဟာရမမျှတမှုတွေကြောင့် အရွယ်ာမျိုးစုံမှာ အနာကြီးရောဂါကို ခံစားခဲ့ကြရင်း လူတောမတိုင်းနိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ကူညီသည့်သူများကို အားကိုးရင် အသက်ဆက်နေရသူတွေ ဖြစ်ပါတယ်။လက်ရှိ အဆိုပါ ဝေဒနာရှင်းများအတွက် လှုဒါန်းနေသူများ ရှိကြသော်လည်း လှုဒါန်းမှုအားမှာ ဆင်၏ ခံတွင်းကို နှမ်းပက်သလို အရမ်းကို အားနည်းနေပါသေးတယ်။

ဆေးထည့်တဲ့အခါ ခြေထောက်တင်တဲ့ခုံကို ကြည့်ခြင်းအားဖြင့် လိုအပ်မှုတွေကို ထင်သာ မြင်သာစေပါတယ်။

ထိုသူတွေအတွက် ဆန်၊ဆီ၊ဆေး၊အ၀တ်အထည်၊ ၀ှီးချဲများ တကယ့်ကို လိုအပ်နေပါတယ်။အလှုရှင်တွေ လိုအပ်နေပါတယ်။ အကယ်၍ စိတ်ပါဝင်စားစွာ လှုဒါန်းလိုသူများအနေနဲ့ မိမိတို့ နေထိုင်ရာ နိုင်ငံအလိုက် အောက်ပါ အကျိုးတော်ဆောင်များထံ ၂.၄.၂၀၁၂ နောက်ဆုံးထားပြီး ဆက်သွယ် လှုဒါန်းနိုင်ကြပါတယ်ခင်ဗျား။

ဗြိတိန်မှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂

အမေရိကမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁

စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅ ၉၈၈၂ ၉၀၇၈

၂။ကိုရင် + မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉

ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com

မလေးရှားနိုင်ငံ အကျိုးတော်ဆောင်
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉

၂။လွင်ပြင်လှိုင်းငယ်+မစံပယ် (Sunway)
lwinpyinhlaingnge@gmail.com
+၆၀ ၁၄၆၆ ၃၀၁ ၇၃

၃။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com
+၆၀ ၁၆၃၂ ၄၉၆ ၉၁

၎။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁

၅။မိုးဇက် (ကလန်း)
bloggermoses@gmail.com
+၆၀ ၁၄၇၂ ၄၅၄၀၂
http://www.facebook.com/profile.php?id=100003084986957

မြန်မာနိုင်ငံ အကျိုးတော်ဆောင်
၁။andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅၁ ၆၄၃ ၀၈၆

၂။သမီးစံ
sandartinmyint@gmail.com
+၉၅၁ ၃၉၁ ၇၅၄
+၉၅၁ ၃၉၁ ၀၀၃
http://www.facebook.com/profile.php?id=100003084986957#!/mi.san1

ကျွန်တော်တို့ရဲ့ မိခင်ဆိုဒ်အား ဒီနေရာမှာ သွားရောက် လေ့လာနိုင်ပါတယ်ခင်ဗျား

လှုရှင်များအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက်
MMYG လူငယ်များအဖွဲ့ ကိုယ်စား
ကိုရင်
-----------------------------------------------------------------------------------------------


လိုအပ်သူများကို လှူတန်းခြင်းဖြင့် ကုသိုလ်ယူကြပါစို့။

8Yar

10th Mar 2012

Friday 9 March 2012

ငါးထောင်တန်ဖုန်းအပေါ်အမြင် (တဂ်ပို့စ်)


အခုတလော ရွာထဲမှာ ငါးထောင်တန်ဖုံးနဲ့ ပတ်သက်ပြီး အသံတွေကြားနေရပါတယ်။ ကြားနေရင်းက ကျွန်တော့ရဲ့ ဘလော့ မောင်နှမတွေဖြစ်ကြတဲ့ မိုးဇက် နဲ့ သမီးစံတို့ကထုံးစံအတိုင်း Tag စာကျွေးပါတော့တယ်။ ကျေးဇူးပါ ခင်ဗျာ။ ကဲ မေးထားတဲ့ မေးခွန်းလေးတွေကို ဖြေပါ့မယ်။

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
မမြင်ပါဘူးခင်ဗျာ။ ပုံမှန်ဝင်ငွေရှိသူတွေထက် ငွေပို၊ ငွေလျှံရှိသူ၊ စီးပွါးရေးပြေလည်သူတွေပဲ သုံးနိုင်တဲ့ အဆင့်မှာပဲရှိသေးတယ်လို့ မြင်ပါတယ်ခင်ဗျာ။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
အများပြည်သူတွေ ကောင်းကြိုးအတွက် လုပ်တဲ့လုပ်ရပ်တွေအပေါ် 8Yar အနေနဲ့ ဝေဖန်ပိုင်းခြားဖို့ မရဲပါဘူး။ ဒါပေမယ့် အမေးရှိထားတော့ ကြိုးစားပြီးဖြေကြည့်ပါ့မယ်။ လိုချင်တာကို တောင်းဆိုတဲ့နေရာမှာ ဘက်စုံ၊ ဒေါင့်စုံကနေကြိုးပမ်းတာကောင်းပါတယ်။ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းဟာ အနည်းငယ်တော့ အန္တရာယ်ရှိနိုင်တယ်လို့ မြင်ပါတယ်ခင်ဗျာ။

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
လိုအပ်ချက်တွေကို လိုအပ်သူတွေကပြောပြမှသာ အုပ်ချုပ်သူ အစိုးရကသိမှာဖြစ်လို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြတာဟာ ကောင်းတယ်လို့မြင်ပါတယ်ခင်ဗျာ။

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
လိုင်းကောင်းတဲ့ ငါးထောင်တန်ဖုံးများကို ကြိုဆိုပါတယ်ခင်ဗျာ။ လက်ကိုင်ဖုံးတွေသာ လူတိုင်းဝယ်ယူ အသုံးပြုနိုင်မယ်ဆိုရင် အချိန်ကုန်သက်သာပြီး လုပ်ငန်းဆောင်တာတွေ လျှင်မြန်စွာပြီးမြောက်နိုင်တဲ့အပြင် လိုအပ်တဲ့ သတင်း အချက်အလက်တွေဟာလဲ အမြဲ up to date ရနေမယ်လို့ မြင်ပါတယ်ခင်ဗျာ။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
မြန်မာပြည်ရဲ့ အခြေနေနဲ့ အနေထားကို လူတိုင်း အနည်းနဲ့ အများဆိုသလို အကဲခတ်မိကြမှာပါ။ ကျွန်တော်တို့ နိုင်ငံမှာ လိုအပ်ချက်တွေ အရမ်းများပါတယ်။ အဲဒီလို လိုအပ်ချက်တွေထဲမှာ ဆက်သွယ်ရေးဟာလည်း အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်တယ်ဆိုတာ ဘယ်လိုမှငြင်းလို့မရပါဘူးခင်ဗျာ။ ကြိုးဖုံးတွေအပြီး လက်ကိုင်ဖုံးတွေ ဘာကြောင့် တီထွင်လာရတာလဲ? အဖြေကတော့ရှင်းပါတယ် အချိန်နဲ့ ခွန်အားကို save လုပ်ချင်လို့ပါ။ ဥပမာပြောရရင် မြွေကိုက်ခံရတဲ့လူကို မြို့ဆေးရုံကိုပို့ဖို့ ရွာပတ်ပြီး လှေရှာနေတာထက် လှေပိုင်ရှင်ရဲ့ လက်ကိုင်ဖုံးကိုဆက်ပြီးလှေငှါးတာဟာ ပိုပြီးထိရောက်မှုရှိတယ်လို့ 8Yar ထင်ပါတယ်ခင်ဗျာ။ ဒါပေမယ့် မြန်မာပြည်ရဲ့ လက်ကိုင်ဖုံးတွေဟာ ဇိမ်ခံပစ္စည်းအဆင့်မှာပဲ ရှိနေသေးတာကြောင့် လူတိုင်းဝယ်ယူပြီး အသုံးမပြုနိုင်သေးပါဘူး။

အဲ့ဒါတွေကိုဖြေရှင်းဖို့ဆိုရင်....

၁။ ပြည်သူတွေကို ချမ်းသာအောင်လုပ်ပေးခြင်း
၂သိန်းဆိုတဲ့ငွေပမာဏကို လူတွေက ပက်ကနဲ့ ပေးပြီးသုံးနိုင်လောက်အောင် လုပ်ပေးခြင်းဖြင့် ဖြေရှင်းနိုင်သလို။

၂။ ပစ္စည်းဈေးချပစ်ခြင်း
ပစ္စည်းဈေးနှုန်းတွေကို အများပြည်သူတွေ သုံးနိုင်လောက်တဲ့ အနေအထားထိချပစ်ခြင်းဖြင့်လည်း ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
8Yar အနေနဲ့ ရွေးချယ်ခွင့်ရမယ်ဆိုရင် အမြန်ဆုံးနဲ့ အဖြစ်နိုင်ဆုံး နည်းလမ်းဖြစ်တဲ့ ဒုတိယနည်းလမ်းကိုပဲ ရွေးချယ်ချင်ပါတယ်။ လို့ပြောရင်း နိဂုံးချုပ်ပါရစေခင်ဗျာ။

အပေါ်မှာရေးခဲ့တာတွေဟာ 8Yar တစ်ယောက်ရဲ့ အမြင်သက်သက် ဖြစ်တာကြောင့် မှန်ချင်မှလည်း မှန်မှာဖြစ်တဲ့ အကြောင်း ကြိုတင်ဝန်ခံပါရစေ။

ရေးပြီးပြီဆိုတော့ နဲ့နဲ့လောက်တော့ Tag လိုက်အုံးမယ်။

သဒ္ဓါလှိုင်း
ကျွန်တော့်ဘ၀ ဇာတ်ခုံ - မောင်မျိုး

အစ်ကို၊ အစ်မတို့ရေ.. အားရင်ရေးပေးပါလို့ တောင်းဆိုလိုက်ပါတယ်ခင်ဗျာ။

အားလုံး ကျန်းမာ၊ ပျော်ရွှင်ကျပါစေလို့ ဆုတောင်းလျှက်

8Yar

Tuesday 6 March 2012

ဘ၀ရဲ့အမှတ်တရနေ့စွဲများ (Tag)


ဘ၀ရဲ့အမှတ်တရနေ့စွဲများ တဲ့ ကျွန်တော်ခင်တဲ့ သမီးစံက Tag စာကြွေး ခြင်းပါ။ သူများတွေက ရေးပြီးလို့ တစ်လကျော်မှ ကျွန်တော် 8Yar တစ်ယောက် ဂမူးရှူးထိုး လိုက်ရေးရခြင်းပါ။ Tag Post ရတိုင်း ကျွန်တော့ကို သတိတရ ပေးတဲ့ သမီးစံကို အရမ်းအရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ က တရားပွဲအတွက် လုပ်အားပေးနေတာကြောင့် Post အသစ်မတင်နိုင်တာကို ခွင့်လွှတ်ပေးကြပါလို့ ပြောပါရစေခင်ဗျာ။ ပျင်းတာမဟုတ်ကြောင်း ဖြေရှင်းနေတာကိုက ပျင်းကြောင်းသက်သေပြသလိုဖြစ်နေတာကြောင့် ဆက်ရှင်းပြတော့ဘူးနော်။ :P

အမှတ်တရနေ့စွဲတွေကများလွန်းတော့ ဘယ်ကနေစရေးရမှန်းတောင် မသိတော့ဘူး။ ငယ်ငယ်ကနေ ကြီးလာတာကိုရေးရင်ကောင်းမလား?။ ကြီးရာကနေ ငယ်တဲ့ဘက်ကိုရေးရမလား? အဲ.... သားပြောတာ အသက်၊ အရွယ်ကို ပြောတာနော်။ :P ဟီး.... ဖတ်သူတွေက ဉာဏ်ကောင်းလွန်းတော့ ကြိုရှင်းထားရတယ်။ မှတ်မိသလောက်ရေးမယ်ဗျာနော်။

အမည်ပေး၊ ကင်ပွန်းတပ်
8Yar မွေးတုန်းက အဘေး(အဖိုး၏ အဖေ) ဖြစ်သူသည် ဆေးရုံသို့ ကဆုံစိုင်း အရောက်လာ၍ မြန်မာနာမည်မဟုတ်သော တရုတ်အမည်ပေး၊ ကင်ပွန်းတပ်လေ၏။ အကြောင်းမှာ 8Yar သည် သူ၏ မြစ်ဦးယောက်ျားလေးဖြစ်သောကြောင့်ဟုဆို၏။

ဆန်ပြုတ်
၂တန်း တက်ချိန်တွင် တစ်ကျောင်းလုံးအား အလှူရှင်တစ်ဦးမှ ဆန်ပြုတ်ဖြင့် ဒါနပြုရာ... 8Yar မှ ထိုဆန်ပြုတ်အား အရမ်းကြိုက် သောကြောင့် နောက်တစ်ပွဲရဘူးလား ဟု ဆရာမအားမေး၏။

ရှင်ပြု ကိုရင်ဝတ်
ငယ်ငယ်တည်းက ကိုရင်ဝတ်ချင်သော 8Yar တစ်ယောက် ကိုရင်မြင်တိုင်း မိဘများကိုပူစာ....။ နားပူလွန်းသောကြောင့် ၇တန်းလောက်အရောက်မှာ ကိုရင်ဝတ်ပေး၏။ ကိုရင်ဝတ်သောညတွင် ဗိုက်ဆာ၍ ဦးဇင်းများနှင့်လိုက်၍ အအေးဘုန်းပေး....။ ပေးသည့် အအေးမှာ ဖာလူဒါဖြစ်နေ....။ တိုက်ဆိုင်ချက်က လမ်းလျှောက်ထွက်လာသော ဖခင်အားလှမ်းခေါ်၍ အအေးတိုက်။ "ပါပါး အအေးသောက်။" ဖခင်မှာ မျက်လုံးကြီးပြူး၍ "ကိုရင်လေး ဖာလူဒါ တွေဘုန်းပေးနေတယ်။" ကိုရင်မှာ မိန့်မိန့်ကြီးပြန်ဖြေ "အင်း။ " ထိုအဖြစ်ပျက်ကြောင့် ကိုရင်ထွက်မည်နေ့တွင် ဖခင်မှ 8Yar အား သဲဒဏ်၊ ရေဒဏ်များ အပြင်းအထန်လုပ် စေပြီးမှသာ ထွက်စေ၏။ ထိုအချိန်မှစ၍ ယခုအချိန်ထိ ကိုရင်သာ ၅ခါဝတ်ဖူးသွားသည်။ ပဉ္ဇင်း တက်ခွင့်ပါမစ် တစ်ခါမှမရသေးချေ။ :(

မိဘကျေးဇူးဆပ်ခြင်း။
အရွယ်လေးရောက်လာတော့ စာအုပ်၊ စာပေတွေဖတ်ကာ မိဘကျေးဇူးဆပ်ချင်လာ၏။ ထို့ကြောင့် တစ်ခုသော ဖခင်မွေးနေ့၌ နံနက်စောစော အိပ်ယာမှထကာ ဖခင်အမြဲစီးသော ဆင်ကြယ် ဖိနပ်အဟောင်းလေးအား ဆပ်ပြာတိုက်၍ ရေဆေးပေးခဲ့၏။ ဖခင်နိုးသောအခါ ဖိနပ်ရေဆိုနေသောကြောင့် ညကမိုးများရွာလေသလား ဟု ကောင်းကင်ကိုမော့ကြည့်နေသော ဖခင်ကိုကြည့်၍ အကျေနပ်ကြီးကျေနပ် နေခဲ့..။ တစ်ခုသော မိခင်မွေးနေ့တွင်လည်း သူမ၏ ကတီပါဖိနပ်အသစ်ကြီးအား ရေဆေးပေးခဲ့....။ မိခင်သိသွားသောအခါ မဆူပဲ ရယ်နေခဲ့သည်။ :D

ငွေရောင် ဆိုင်ကယ်လေး
၈တန်းအောင်သောအခါ 8Yar လိုချင်သော စူပါကပ် ဟွန်ဒါ ငွေရောင် ဆိုင်ကယ်လေးအား မရှိသည့်ကြားက ဝယ်ပေးကြရှာ။ ၁၀ တန်းအောင်ပြီးသောအခါ စီးပွါးရေးအတွက် ငွေလိုတာကြောင့် 8Yar ၏အချစ်တော် ဆိုင်ကယ်လေးကို ရောင်းပေးလိုက်သည်။

စူဇူကီး ဆိုင်ကယ်
တက္ကသိုလ်စတက်တော့ စူဇူကီး ဆိုင်ကယ်လေးတစ်စီးပြန်ဝယ်ပေး။ ကျေးဇူးပါ ဖေဖေနဲ့ မေမေရေ။ :)

ဘွဲ့ရပြီ
၂၀၀၅ တွင် ရုက္ခဗေဒဖြင့် ဘွဲ့ရ.....။

လူပျိုလေးမလုပ်တော့ ဟုဆုံးဖြတ်
၉-ဧပြီ-၂၀၀၈ တွင် ချစ်သူလေးနဲ့ ဆင်တူလက်စွပ်လေးဝတ်၍ တရားဝင်ချစ်သူဖြစ်ခဲ့။

ငွေရှာမယ်
၂၀-ဩဂုတ်-၂၀၀၈ တွင် စင်ကာပူကိုရောက်ရှိလာခဲ့ပါသည်။

ဘလော့ဂ်အပင်လေးကို စပျိုး
၁၄--ဩဂုတ်-၂၀၁၁ မှာ 8Yar (အိပ်ယာ) ဘလော့ဂ်လေးကို စတင်ပြီး ချစ်သော ဘလော့ဂ်မောင်နှမများနှင့် ရင်းနှီးခွင့်ရခဲ့ပါသည်။ ကျေးဇူးပါ ဘလော့ဂ်လေးရေ။ ဒီဘလော့ဂ်မောင်နှမတွေနဲ့ ကမ္ဘာတည်သ၍ ခင်မင်ခွင့်ရပါစေလို့ ဆုတောင်းရင်း ဒီ Post လေးကိုနိဂုံးချုပ်ပါရစေခင်ဗျာ။

8Yar

6th Mar 2012